Somehow 18 ( 2017 )
Code : [SIR0706]
Korea , 1000 MB
1 Season, 10 Episodes ( Completed )
ဂယောင်ဟီဟာ အထက်တန်းကျောင်းသားဘ၀မှာတုန်းက အနိုင်ကျင့်ခံ အပယ်ခံကောင်လေးတစ်ယောက်ပါ။ ဂယောင်ဟီဟာ နာဘီဆိုတဲ့ ကျောင်းသူလေးကို တိတ်တခိုးချစ်နေခဲ့ပါတယ်။ ဒါပေမယ့် ဂယောင်ဟီရဲ့အချစ်ဦးနာဘီက ကိုယ့်ကိုယ်ကိုသတ်သေခဲ့ပါတယ်။ ချစ်ဦးသူကိုဆုံးရှုံးလိုက်ရတဲ့ဂယောင်ဟီဟာ နောင်၁၀နှစ်အကြာမှာတော့ ဆေးကျောင်းကို အောင်မြင်ခဲ့ပြီး အရိုးရောဂါအထူးပြုအလုပ်သင်ဖြစ်လာခဲ့ပါတယ်။ တစ်နေ့တော့ ကံကြမ္မာက ဂယောင်ဟီကိုအခွင့်အရေးတစ်ခု ပေးလာပါတော့တယ်။ အချိန်တွေနောက်ပြန်လည်သွားပြီး အသက်၁၈နှစ်အရွယ်ကို ပြန်ရောက်သွားခဲ့တာပါ။ ဒီတော့ အသက်၁၈နှစ်အရွယ်ဘ၀ကို ပြန်ရောက်သွားတဲ့ဂယောင်ဟီဟာ သဆုံးသွားတဲ့သူ့ရဲ့အချစ်ဦးကောင်မလေးကိုကယ်တင်နိုင်ဖို့ ကြိုးစားပါတော့တယ်။ ဂယောင်ဟီတစ်ယောက် သူ့အချစ်ဦးနာဘီအသက်ရှင်အောင် စွမ်းဆောင်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားကြပါနော်။ ဒီဇာတ်လမ်းလေးထဲမှာ SHINee အဖွဲ့က Min Ho ရယ် Scholar who Walks The Night ဇာတ်လမ်းတွဲထဲက Lee Yoo Biရယ်က အဓိကဇာတ်ဆောင်များအဖြစ် သရုပ်ဆောင်ထားပါတယ်။ #Creditreview