It's Okay To Not Be Okay ( 2020 )
Code : [SIR0682]
Korea , 7.9 GB
1 Season, 16 Episodes ( Completed )
It’s Okay to Not Be Okay(2020)ဇာတ်လမ်းတွဲအညွှန်း ********************************************** အပိုင်း (၁ မှ ၁၆) [စ/ဆုံး] Kim Soo Hyun ရဲ့ကားသစ်လေးလာပြီနော်… မင်းသမီးကလည်း အားလုံးသိပြီးသား Save me နဲ့ Lawless Lawyer တည်းကမင်းသမီးလေးပါ… Moon Kang Tae (Kim Soo Hyun) စိတ်ကျန်းမာရေးဆေးရုံက သူနာပြုလေးတစ်ယောက်ဖြစ်ပြီးတော့ ဉာဏ်ရည်ထက်မြက်ပြီး စာနာ နားလည်ပေးတတ်တဲ့ လူတစ်ယောက်ဖြစ်ပါတယ် … Ko Moon Young (Seo Ye Ji) ကတော့ ကလေးစာပေတွေကိုရေးသားတဲ့ နာမည်ကြီး စာရေးဆရာမတစ်ယောက်ဖြစ်ပြီးတော့ အရမ်းကိုတစ်ကိုယ်ကောင်းဆန်၊ ခေါင်းမာပြီး မာနကြီးလွန်းတဲ့သူလို့ လူသိများပါတယ် … အချစ်အတွက် အချိန်မပေးနိုင်တဲ့ကောင်လေးနဲ့ အချစ်ဆိုတာ မရှိဘူးလို့ ယုံကြည်ထားတဲ့ ကောင်မလေးနဲ့တွေ့ဆုံဖို့ ဖြစ်လာတဲ့အခါမှာတော့…. ရိုလည်းရို ရယ်လည်းရယ်ရပါတယ်… ဇာတ်လမ်းတွဲက အတော်ဆွဲဆောင်မှုရှိပါတယ်….ပြီးတော့ မင်းသား Kim Soo Hyun ရဲ့စစ်မှုထမ်းပြီးမှ ပထမဆုံးပြန်ရိုက်ထားတဲ့ ဒရမ်မာဖြစ်တာကြောင့် အရမ်းကိုလည်းနာမည်ရထားတာမို့ အလွတ်ခံလိုလုံးဝမဖြစ်တဲ့ကားပါ … ဒီကားမှာ ပုံမှန် romantic ဆန်တာလေးတွေလည်းပါသလို မင်းသားနဲ့မင်းသမီးရဲ့ chemistry ကလည်းအရမ်းကောင်းလွန်းလို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်…