The Mist ( 2017 )
Code : [SIR0665]
English , 2.6 GB
1 Season, 10 Episodes ( Ongoing )
ဒီတစ်ခေါက်မိတ်ဆက်ပေးချင်တာကတော့ The Mist ဆိုတဲ့ 2017 ခုနှစ်မှာထွက်ရှိလာတဲ့ Eng Series လေး တစ်ခုပါ … The Mist ဆိုတဲ့ ဇာတ်ကားကတော့ 1980 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Stephen King ရဲ့ ၀တ္ထုကို အခြေခံပြီးရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ … Stephen King ဆိုတာ ဘယ်သူလဲလို့မေးရင်တော့ 2017 ခုနှစ်မှာပဲ ရုံတင်ခဲ့တဲ့ Horror Movie များထဲက နာမည်ကြီး movie တစ်ခုဖြစ်တဲ့ ” IT ” ဆိုတဲ့ ဇာတ်လမ်းအပြင် တခြားသော နာမည်ကြီး Horror ၀တ္ထုများကို ရေးသားခဲ့တဲ့ နာမည်ကြီး Horror စာရေးဆရာတစ်ယောက်ပါ ( သူ့ကို The King of Horror , The Master of Mystery စသည်ဖြင့်လည်း nicknames တွေ ပေးအပ်ခြင်း ခံရပါသေးတယ် ) … ဒါ့ကြောင့် ဒီဇာတ်လမ်းက ကောင်းမကောင်းဆိုတာကိုတော့ အထူးတလည်ပြောနေစရာ မလိုလောက်တော့ဘူး ထင်ပါတယ် … ဒါ့အပြင် The Mist ဆိုတဲ့ ဇာတ်အိမ်ကိုပဲ 2007 ခုနှစ်မှာ Movie အနေနဲ့ ရိုက်ကူးထားပါသေးတယ် … အဲ့ခေတ်အဲ့အခါတုန်းကလည်း အရမ်းကို နာမည်ကြီး လူကြိုက်များခဲ့ပါသေးတယ် … ဇာတ်လမ်းအကျဉ်းလေးပြောရမယ်ဆိုရင် – မြို့ကလေးတစ်မြို့မှာ ဆယ်ကျော်သက်အရွယ်ကောင်မလေးတစ်ယောက် Rape အလုပ်ခံရတဲ့ ကိစ္စကနေ အစပြုပြီး … တစ်မြို့လုံးကို ကံဆိုးမိုးမှောင်ကျစေတဲ့ မြူခိုးမြူငွေ့တွေ အုပ်ဆိုင်းလာပါတော့တယ် … မြူထဲကိုရောက်သွားတဲ့လူတိုင်း သေကုန်ကြတဲ့အချိန်မှာတော့ မြူထဲမှာ ဘာရှိနေလည်းဆိုတာကို လူတွေ သိချင်လာပါတော့တယ် … သရဲလား? တစ္ဆေလား? သားရိုင်းတိရိစ္ဆာန်တွေလား? စသဖြင့် အဖြေရှာမရတဲ့ မေးခွန်းပေါင်းများစွာ ၊ ကြောက်ရွံ့မှုပေါင်းများစွာနဲ့ မြူထဲကိုလည်း မထွက်ရဲပဲ ရှိနေကြရပါတယ် … ဒါ့အပြင် ဖုန်းလိုင်းတွေပျောက် လျှပ်စစ်မီးပါပြတ်တောက်သွားတဲ့အခါမှာတော့ မြို့ကလေးဟာ ကမ္ဘာလောကတစ်ခုလုံးနဲ့ အဆက်အသွယ်ပြတ်တောက်သွားပါတော့တယ် … အဲ့အခြေအနေကနေ ဘယ်လိုရုန်းထွက်ကြမလဲ မြူထဲမှာဘာတွေရှိနေတာလဲ ဘာကြောင့်မြူတေချက်ချင်းဆိုသလို အုပ်ဆိုင်းလာရတာလဲ စတာတွေကိုတော့ ဇာတ်လမ်းထဲမှ တစ်ဆင့် အဖြေရှာလိုက်ကြရအောင်နော် … ဒီဇာတ်ကားမှာ ဆယ်ကျော်သက်ရွယ်အချင်းချင်း အနိုင်ကျင့်ခံရတာတွေ ၊ မိဘနဲ့သားသမီးကြားအထင်အမြင်လွှဲမှားတာတွေ ၊ အုပ်ထိန်းပုံမှားတာတွေကိုလည်း ကြည့်ရှုရမယ့်အပြင် တကယ့်အကြပ်အတည်းထဲရောက်သွားချိန်မှာ လူစိတ်ပျောက်ပြီး လူအချင်းချင်း ညှာတာမှု ကင်းမဲ့လာပုံတွေကိုပါ ထိတ်လန့်သည်းဖိုကြည့်ရှုကြရမှာပါ … Rating အရ IMDb မှာ 5.4/10 နှင့် Rotten Tomatoes မှာ 60% တို့ အသီးသီးရရှိထားပါတဲ့ Thriller ဇာတ်လမ်းကောင်းလေးတစ်ခုပါ …