Special Commando ( 1993 )
Code : [SIR0663]
China , 13.3 GB
1 Season, 28 Episodes ( Completed )
အခုတင်ဆက်ပေးမှာကတော့ ရှားပါးဇာတ်လမ်းတွဲလေးဖြစ်ပါတယ် ငယ်စဉ်အခါက မြဝတီ ရုပ်မြင်သံကြားမှာ စတင်ပြတဲ့အချိန်မှာ ကြီးကြီးငယ်ငယ် စွဲလန်းစွာစောင့်ကြည့်ခဲ့ရတဲ့ဇာတ်လမ်းတွဲလေး တခုဆိုရင်လည်းမမှားပါဘူး အဲ့အချိန်တုန်းက ကလေးပေါက်စ အပျိုပေါက်စ ( အခုတော့အဖွားကြီးဒွေ :3 နောက်တာပါ ) တွေ အသည်းစွဲခဲ့ရတဲ့ လုရီ ဆိုတာ မြန်မာပရိတ်သတ်တွေ စတင်သိခဲ့ရတဲ့ကားဆိုရင်လည်းမမှားပါဘူး… အခုလိုအချိန်မှာ အလွမ်းပြေပြန်လည်ကြည့်ချင်တဲ့သူတွေအတွက် ဘယ်မှာမှ မြန်မာစာတန်းထိုးနဲ့ရှာမရနိုင်တော့တဲ့ ဒီကားလေးကို Channel Myanmar အနေနဲ့ ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ် 1993 က ကားဖြစ်တာကြောင့် အတတ်နိုင်ဆုံးအကြည်ကို တင်ဆင်ပေးလိုက်ရပါတယ် 28 ပိုင်းရှိပီးတော့ တရက်ကို 1 ပိုင်းစီနဲ့ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် အညွန်းလေးကတော့ ဘိန်းအဖွဲ့နောက်လိုက်နေတဲ့ အဖွဲ့ခေါင်းဆောင် ချန်ကွမ်းမင်ဟာ မမျှော်လင့်ထားတဲ့ ပြဿနာတစ်ခုကြောင့် မင်္ဂလာဆောင်ပြီး နောက်တစ်ရက်မှာပဲ အဖမ်းခံလိုက်ရတယ်။ ဘိန်းခေါင်းဆောင်ကို ဖမ်းနိုင်ဖို့ ထိုင်ဝမ်ရဲတပ်ဖွဲ့ဟာ အမျိုးသမီးရဲမေတွေကို လက်နက်အနေနဲ့ အသုံးချနေရတဲ့အချိန်လည်း ဖြစ်တယ်။ ဒါကြောင့် ဘိန်းဘုရင်ကို ဖမ်းမိဖို့အတွက် ချန်ကွမ်းမင်ဟာ ထောင် ၄ နှစ်ကျပြီး ပြန်လွတ်လာတဲ့အချိန်မှာ undercover အနေနဲ့ ဘိန်းအဖွဲ့ကိုဝင်ခဲ့သလို ချန်ကွမ်းမင်ရဲ့ဇနီး ဝမ်လင်ဟာလည်း ရဲမေတစ်ဦးပီပီ ယောက်ျားနာမည်ကို ပြန်ကယ်ဖို့ရော ကျရှုံးခဲ့တဲ့ ရဲမေတွေအတွက်ရော ဘိန်းအဖွဲ့နောက်လိုက်နေခဲ့တယ်။ ကဲ…. ချန်ကွမ်းမင်ရဲ့ နာမည်ရော ပြန်ကယ်နိုင်မှာလား ဘိန်းအဖွဲ့ကို ထိုင်ဝမ်ရဲတွေ နှိမ်နင်းနိုင်ပါ့မလားဆိုတာတော့ ဇာတ်ကားကြည့်မှ သိမှာနော်…