The Rain ( 2018 )
Code : [SIR0437]
English , 8.4 GB
3 Season, 20 Episodes ( Completed )
Season 1 အိုဇုန်းလွှာမတည်ငြိမ်မှုကနေ မိုးရေထဲမှာ လူတွေကိုမိနစ်ပိုင်းအတွင်းသေစေနိုင်တဲ့အထိဆိုးရွားလှတဲ့ ဗိုင်းရပ်စ်တွေပါလာပါတယ် ကြိုသိနေတဲ့အဖွဲ့အစည်းတစ်ခုက မြေအောက်တိုက်ခန်းတွေဆောက်ပြီး ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားခဲ့ပါတယ် အဓိကဇာတ်ကောင်မောင်နှမနှစ်ယောက်ရဲ့အဖေဖြစ်သူဟာ ထိုအဖွဲ့အစည်းထဲပါနေပြီးတော့ သူ့သားနဲ့သမီးးအပါအ၀င် သူ့မယားဖြစ်သူကိုပါ မြေအောက်ခန်းဆီအန္တရာယ်ကင်းကင်းနဲ့ခေါ်လာနိုင်ခဲ့ပါတယ် အကြောင်းကိစ္စတစ်ခုကြောင့်သူတို့အဖေဟာ မိုးရေထဲကိုကာကွယ်ရေးဝတ်စုံအပြည့်နဲ့ ပြန်ထွက်သွားရပြီး သူတို့အမေဟာလည်း မမျှော်လင်ထားတဲ့ကိစ္စတစ်ခုကြောင့် မိုးရေနဲ့ထိသွားတဲ့ အခါမှာတော့…. အပိုင်း၈ပိုင်းထိပါဝင်ပြီးတတ်နိုင်သမျှအမြန်ဆုံးတင်ပေးသွားပါမယ် Season 2 အပိုလွန် အဖွဲ့အစည်းလက်ကနေ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ မောင်နှမနှစ်ယောက်ဟာ ဒီဗိုင်းရပ်စ်ပိုးအတွက် ဖြေဆေးကို ရှာပေးနိုင်မယ့် လူတစ်စု နဲ့ တွေ့ခဲ့ပါတယ်။ ကာကွယ်ဆေးဖော်ထုတ်ဖို့က ပိုးကို သေချာစစ်ဆေးနိုင်မှ ရှာဖွေနိုင်မှာပါ။ ရောဂါပိုး ရှိနေတဲ့ မောင်ဖြစ်သူကို ဒီလူတစ်စုက သွေးကို ထုတ်ပြီး ကာကွယ်ဆေး ထုတ်ဖို့ ပြင်ဆင်ပါတော့တယ်။ အဲဒီအချိန်မှာတော့ ….. ဒီလူတွေက တကယ်ရော ကာကွယ်ဆေး ဖော်ထုတ်နိုင်ပါ့မလား? အပိုလွန် အဖွဲ့အစည်းကရော ဒီမောင်နှမကို ပြန်ဖမ်းမိမှာလား? ဒီအဆိပ်သင့်မိုးရေတွေကို သူတို့ ဘယ်လိုရှောင်ရှားကြမလဲ? Season 1 မှာ မရှင်းလင်းခဲ့တာတွေ Season 2 မှာ အဖြေတချို့ ပေါ်တော့မှာပါ။ လျှို့ဝှက်ချက်တွေက ဘာတွေ ဖြစ်မလဲ?????