Korea ,
10.2 GB
1 Season, 32 Episodes ( Completed )
August 5 ရက်နေ့မှာ MBC ရုပ်သံလိုင်းမှာ စတင် ထုတ်လွှင့်ခဲ့တဲ့ Korea Fantasy, Comedy, Crime ဇာတ်လမ်းတွဲတစ်ခုပဲ ဖြစ်ပါတယ် …
အဓိက သရုပ်ဆောင်တွေအဖြစ် ပရိသတ်အချစ်တော် Rain နှင့်အတူ Kwak Si-yang, Lim Ji-yeon တို့က ပါဝင် သရုပ်ဆောင်ထားပါတယ် …
ဇာတ်လမ်းအကျဉ်းလေးကို မိတ်ဆက်ပေးရမယ်ဆိုရင် – လီဂျယ်ဆန်း ဟာ Yugaek ဥပဒေ ကုမ္ပဏီတစ်ခုရဲ့ ရှေ့နေတစ်ယောက်ပဲဖြစ်ပါတယ် … သူဟာ ထူးချွန်တဲ့ genius ရှေ့နေတစ်ယောက် ဖြစ်ပြီးတော့ သူ့ရဲ့ အမှုသည်အနိုင်ရရှိဖို့ကိုသာ အလေးထားတဲ့ တကိုယ်ကောင်းဆန်တဲ့ သူတစ်ယောက်ပါ …
တစ်နေ့မှာတော့ သူ့ရဲ့ ဘဝကို အသစ်ပြန်စတည်ပြီး အမှန်တရားကို လမ်းကြောင်းပေါ်မှာ နေထိုင်တော့မယ်လို့ ဆုံးဖြတ်ချက် ချပြီးနောက်မှယတော့ မမျှော်လင့်ပဲ ကားအက်ဆီးဒန့်တစ်ခုနဲ့ ကြုံခဲ့ရပါတယ် … ထိုအက်ဆီးဒန့်ကြောင့်ပဲ Parallel Word ( လက်ရှိနေထိုင်နေကြတဲ့ ကမ္ဘာကြီးနှင့်အပြိုင် ဖြစ်တည်နေသော ကမ္ဘာလောက ) သို့ ရောက်ရှိသွားခဲ့ပါတယ် ….
အပြိုင်ကမ္ဘာထဲကို ရောက်သွားတဲ့အချိန်မှာတော့ သူ့ကိုယ်သူ အမှုစစ်တစ်ယောက်ဖြစ်နေကြောင်း သိလိုက်ရပါတယ် … ဒါ့အပြင် လက်ရှိကမ္ဘာမှာ သူသိပ်ချစ်ခဲ့ရတဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်က ရည်းစားဟောင်း ရာဆီအွန်း ဟာလဲ သူ့ရဲ့ ဇနီးမယားဖြစ်နေခဲ့ပါတယ် ….
ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ကျနော်တို့နဲ့အတူ စောင့်ကြည့်လိုက်ကြရအောင်နော် …