The Untamed ( 2019 )
Code : [SIR0499]
China , 51.8 GB
1 Season, 50 Episodes ( Completed )
ကျင့်ကြံခြင်းလောက(သူတော်လောက)ရှိ ထိပ်သီးဂိုဏ်းငါးဂိုဏ်းဖြစ်တဲ့ ဝမ်ဂိုဏ်း လန်ဂိုဏ်း ကျင်းဂိုဏ်း ကျန်းဂိုဏ်း နျဲ့ဂိုဏ်း အဲဒီဂိုဏ်းကြီးငါဂိုဏ်းထဲကမှာ ဝမ်ဂိုဏ်းကကျင့်ကြံခြင်းလောကတစ်ခုလုံးကိုအုပ်စိုးဖို့ကြံစည်လာတဲ့အခါ (ဂိုဏ်းကြီးငါးဂိုဏ်း-ချီရှန်းဝမ်ဂိုဏ်း ကူးစူးလန်ဂိုဏ်း လန်လင့်ကျင်းဂိုဏ်း ယွင်မုန့်ကျန်းဂိုဏ်း ချင်းဟယ်နျဲ့ဂိုဏ်း) အဲဒီပဋိပက္ခကြားထဲမှာ မိစ္စာကျင့်စဉ်တွေကိုကိုရွံရှာမုန်းတီးတဲ့ သမာသမတ်ကျင့်ကြံခြင်းလောက(သူတော်လောက)မှာ မိစ္စာစွမ်းအင်ကျင့်ကြံသူတစ်ယောက်ပေါ်ထွက်လာခဲ့တယ် သူကရီလင်အကြီးအကဲ(ရီလင်လောင်ဇူး)ဝေ့ဝူရှန့် ရီလင်အကြီးအကဲနဲ့ကျင့်ကြံခြင်းဂိုဏ်းတွေအားလုံးစုပေါင်း၍ ဝမ်ဂိုဏ်းကိုအမြစ်ဖြုတ်တိုက်ခိုက်တဲ့ နေမင်းဖြိုခွင်းတိုက်ပွဲ ဆင်နွဲခဲ့ကြတယ် နေမင်းဖြိုခွင်းတိုက်ပွဲအပြီးမှာကော ကျင့်ကြံခြင်းလောကတစ်ခုလုံးအေးချမ်းသာယာနိုင်ပြီလား ကျင့်ကြံခြင်းလောက(သူတော်လောကမှာ)သူလိုမိစ္ဆာကျင့်ကြံသူတစ်ယောက်ကို လူတွေကကောဒီတိုင်းလက်ခံနိုင်ပါ့မလား ထင်သလိုဖြစ်မလာခဲ့ပေ မိစ္စာကျင့်ကြံသူဟူသည့်အမည်နာမတစ်ခုတည်းကြောင့်ပင် တစ်လောကလုံး၏လေးစားကြောက်ရွံခြင်းကိုခံနေရသည့် ရီလင်းအကြီးအကဲ'ဝေ့ဝူရှန့်'ကို အကြောင်းအမျိုးမျိုးကြောင့် တလောကလုံးက ဝိုင်းဝန်းသတ်ဖြတ်ခဲ့ကြတယ် ဝေ့ဝူရှန့်သေဆုံးပြီး ၁၆နှစ်ကြာမြင့်ပြီးနောက် လူတစ်ယောက်၏ဆင့်ခေါ်မှုကြောင့် အဲဒီလူရဲ့ကိုယ်မှာပြန်ဝင်စားလာခဲ့တယ် ဝေ့ဝူရှန့် ပြန်ဝင်စားလာရခြင်းရဲ့နောက်ကွယ်က တကယ့်အမှန်တရားကဘာများလဲ? ဝေ့ဝူရှန့်ကိုမုန်းတီးနေကြသူတွေကဘယ်သူတွေလဲ? ဝေ့ဝူရှန့်ပြန်လာဖို့စောင့်ဆိုင်းနေကြသူတွေကကောဘယ်သူတွေများလဲ? ပြန်ဝင်စားလာပြီးနောက် ဘာတွေများဆက်ဖြစ်ကြမလဲ? ကျင့်ကြံခြင်းလောကရဲ့အရှုပ်အထွေးတွေ အားပြိုင်မှုတွေ အမုန်းတရားကြားထဲကသံယောဇဉ်တွေအကြောင်းကို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်