Webdl-1080P
Let Them All Talk ( 2020 )
Code : [ENG4310]
English , 1.8 GB Meryl Streep, Gemma Chan, Dianne Wiest
Let Them All Talk(2020)အညွှန်း*****************************စာရေးဆရာမAliceဟာ အင်္ဂလန်က စာပေဆုပေးပွဲကိုတက်ရောက်ပြီးဆုသွားယူဖို့ ဖြစ်လာပါတယ်…ရခဲလှတဲ့ဆုဖြစ်ပြီးသွားရောက်ယူချင်ပေမဲ့ သူမအတွက်အခက်အခဲက လေယာဉ်မစီးရဲတာပါ…ဒါ့ကြောင့် သူမရဲ့ကိုယ်စားလှယ်က သင်္ဘောခရီးစီစဉ်ပေးခဲ့တယ်.. ဒီတော့စာရေးဆရာမ Aliceဟာ လွန်ခဲ့တဲ့နှစ်(၅၀)ကတည်းက ငယ်သူငယ်ချင်းဖြစ်ခဲ့တဲ့ အမျိုးသမီးကြီး(၂)ဉီးကို ခေါ်ခဲ့တယ်…သိတဲ့အတိုင်း ငယ်သူငယ်ချင်းတွေဆိုပေမဲ့လည်းအရွယ်ရောက်အလုပ်ကိုယ်စီ ပတ်ဝန်းကျင်တစ်ခုစီ ဖန်တီးပြီးနောက်မှာ ပြန်ဆုံကြတော့တစ်ယောက်နဲ့တစ်ယောက်ခပ်တန်းတန်းရယ်…ဒီလိုနဲ့ သင်္ဘောကြီးပေါ်မှာသူမတို့(၃)ယောက်နဲ့စာရေးဆရာကြီးရဲ့တူလေးတစ်ယောက်ရယ် ကိုယ်စားလှယ်အမျိုးသမီးငယ်လေးတစ်ယောက်ရယ်ပေါင်း(၅)ယောက်အင်္ဂလန်ကို ရွက်လွှင့်ခဲ့ကြတာပေါ့…ဒီနောက်မှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ခံစားကြည့်ကြပါဉီး…ဒီကားက မင်းသမီးကြီး Meryl Streep ပါတာနဲ့တင်ကြည့်ရတာတန်ပါတယ်…ပြီးတော့ ဇာတ်လမ်းက ဘာမဟုတ်ဘူးထင်ရပေမဲ့ ကျွန်တော်တို့ဘဝကိုပြန်စဉ်းစားကြည့်ရင်ဒီလိုပါပဲ…ဘယ်လောက်ပဲခင်ခဲ့မင်ခဲ့ ကျောင်းမှာ အတူတူ ပေါက်ကရတွေလုပ်ခဲ့ပေမဲ့အရွယ်ရောက်လို့ ကိုယ်စီလမ်းတွေလျှောက်ပြီးချိန်မှာတော့ ပြန်ဆုံကြရင်သူစိမ်းတစ်ယောက်လိုဖြစ်နေတတ်ကြတာပဲမလား….ဒီလိုအချိန်မှာ အရင်လိုအငွေ့အသက်တွေရအောင် တတ်နိုင်သလောက်ကျွန်တော်တို့ကြိုးစားဖန်တီးတတ်မြဲပဲမလား…ခင်ဗျားတို့မှာငယ်ငယ်ကရော ခုချိန်ထိပါ ခင်ဆဲမင်ဆဲအရင်လို ခံစားချက်တွေမျှဝေဆဲသူငယ်ချင်းတွေရှိရင် သိပ်ကိုကံကောင်းတယ်လို့ပြောချင်ပါတယ်..ဟာသလေးတွေလည်းပါသလို ကိုယ်ကိုတိုင်ခရီးထွက်သလိုခံစားရစေတဲ့ ကားမို့ကြည့်ကြပါလို့တိုက်တွန်းချင်ပါတယ်..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Khine Khine Wai ပဲဖြစ်ပါတယ်…