Webdl-1080P
Torbaaz ( 2020 )
Code : [IND0775]
India , 2.4 GB Sanjay Dutt, Nargis Fakhri, Rahul Dev
Torbaaz(2020)အညွှန်း********************(1080p5.1ch သမားတွေ ရပါပြီ…)မင်းသားကြီး Sanjay Dutt ရဲ့ Action, Drama, Sport ကားသစ်လာပါပြီဗျား….အဖဂန်နစ္စတန်က သိကြတဲ့အတိုင်း ရုရှားက ဗျင်းလိုက် အမေရိကန်က ဗျင်းလိုက်နဲ့ စစ်ကြောင့် ပြိုလဲပျက်စီးနေတဲ့နိုင်ငံတစ်ခု…အဖဂန်နစ္စတန်က လက်နက်ကိုင်အဖွဲ့အစည်းတွေကတော့ နည်းမျိုးစုံနဲ့ တွန်းလှန်နေဆဲပါပဲ… အဲ့ဒီလို တွန်းလှန်တဲ့နေရာမှာ သူတို့တွေဟာ ကလေးသူငယ်တွေကို အစွန်းရောက်ဘာသာရေးအယူအဆတွေသွပ်သွင်းပြီးအသေခံဗုံးခွဲတိုက်ခိုက်ခိုင်းပါတယ်…ဒီကလေးတွေကြောင့် စစ်သည်အများစုအသက်ဆုံးရှုံးကြရသလို အပြစ်မဲ့တဲ့ပြည်သူလူထုတွေလည်း ကျဆုံးကုန်ကြပါတယ်..စစ်ဘေးကြောင့် ဒုက္ခသည်စခန်းတွေမှိုလိုပေါက်လာပြီး ဒီစခန်းမှာရှိတဲ့သူတွေကို တတ်နိုင်သလောက်ကူညီထောက်ပံ့နေတဲ့အဖွဲ့အစည်းတွေလည်းရှိလာပါတယ်……အဲဒီလိုကူညီတဲ့အဖွဲ့ထဲမှာ စစ်တပ်မှာတာဝန်ထမ်းဆောင်နေတဲ့ နစားရ်ခန်းရဲ့အမျိုးသမီးလည်းအပါအဝင်ဖြစ်ပါတယ်…ကံဆိုးစွာပဲ အသေခံဗုံးခွဲခဲ့တဲ့ကလေးတစ်ယောက်ကြောင့် သူ့မိန်းမနဲ့ကလေးအသက်ဆုံးရှုံးသွားရတယ်…နစားရ်ခန်းတစ်ယောက် ဆောက်တည်ရာမရ စိတ်ဒဏ်ရာတွေနဲ့ ကျန်ခဲ့လေရဲ့…အဲ့ဒီနောက် သူ့ကို အဖဂန်နစ္စတန်က ဒုက္ခသည်ကလေးတွေကို ကူညီဖို့ ဖိတ်ခေါ်ခြင်းခံရတယ်..အရင်က ကလေးတစ်ယောက်ဆို အပြစ်ကင်းတဲ့ချစ်စရာကလေးငယ်လို့ မြင်ခဲ့ပေမဲ့ ဇနီးနဲ့ကလေး အသေခံဗုံးခွဲတဲ့ကလေးကြောင့်အသက်ဆုံးရှုံးပြီးနောက်မှာ ကလေးငယ်တိုင်းကို လက်နက်ကိုင် အကြမ်းဖက်သမားအဖြစ်မြင်နေတဲ့သူ့အတွက်တကယ့်ကို စိတ်ပျက်စရာကြီးပါပဲ…အာဖဂန်နစ္စတန်ရောက်ပြီး ဘယ်လိုတွေထပ်ကြုံရမလဲဆိုတာတွေကိုတော့…..ဒီကားကမင်းသားကြီး Sanjay Dutt က အဓိကပါဝင်ထားပါတယ်…ရိုက်ကူးထားတာတွေတော်တေ်ာကြီးကိုမိုက်သလိုဇာတ်လမ်းလည်းတော်တော်ကောင်းပါတယ်…ခံစားကြည့်ကြပါဉီး….ဘာသာပြန်သူကတော့ Thaik San ပဲ ဖြစ်ပါတယ်။