Webrip-1080P
The Call ( 2020 )
Code : [ENG4240]
English , 1000 MB Lin Shaye, Tobin Bell, Chester Rushing
The Callဆိုတဲ့ ဇာတ်ကားကhorror movieတစ်ပုဒ် ဖြစ်ပါတယ်။ သူငယ်ချင်းလေးယောက်အနက် တွန်ရာလို့ခေါ်တဲ့ ကောင်မလေးရဲ့ ညီမလေးက ငယ်ငယ်က ကလေးထိန်းကျောင်းကိုသွားနေကျဖြစ်တယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ သူ့ညီမလေးက အိမ်ကိုပြန်မလာခဲ့‌ဘူး ။ ဘယ်လိုလိုက်ရှာရှာ အစအနပျောက်သွားခဲ့တယ် ။ သူ့ညီမလေးသွားခဲ့တဲ့ ခရစ်စန်ဆိုတဲ့ ကလေးထိန်းကျောင်းပိုင်ရှင်ကတော့ အရေးမယူခံရဘဲ လွတ်မြောက်သွားခဲ့တယ် ။ အဲ့ဒီအချက်ကို မကျေနပ်လို့ တွန်ရာတို့အဖွဲ့က ခရစ်စန်လို့ခေါ်တဲ့ အဘွားကြီးနေတဲ့အိမ်ကို ပုံစံမျိုးစုံ နှောက်ယှက်ဖျက်စီးကြတယ် ။ နှစ်ပေါင်းများစွာ အခုလို ခြိမ်းခြောက်ခံ၊ အပြောခံနေရတာကို မခံနိုင်သည့်အဆုံးမှာ မစ္စစ်ခရစ်ဆန်ဟာ အဆုံးစီရင်သွားခဲ့တယ်။ ဒါကို သူ့အမျိုးသားဖြစ်သူက မကျေနပ်ဘဲ လူငယ်၄ယောက်လုံးကိုခေါ်ပြီး ဂိမ်းပွဲတစ်ခုကို စတင်လိုက်တယ်။ သူတို့နေထိုင်တဲ့ အိမ်အပေါ်ထပ်က စာကြည့်ခန်းထဲမှာရှိတဲ့ ဖုန်းကို ၁မိနစ်ဖြေကြားပေးရင် ဒေါ်လာတစ်သိန်းရမယ်ဆိုတဲ့ ကမ်းလှမ်းချက်နဲ့ပေါ့။ ဒီဂိမ်းကို သူတို့၄ယောက်လုံးက ကစားကြမှာလား….ကစားမိရင်ရော ဘာတွေ ဘယ်လိုကြုံတွေ့ရမလဲဆိုတာ The Callဆိုတဲ့ ဒီဇာတ်ကားလေးကိုကြည့်ပြီး အဖြေရှာကြည့်ကြရအောင်။